<ကိုရီးယားတွင် နှစ်ရှည်နေထိုင်သော ကလေးများ ပညာသင်ကြားခွင့်အတွက် နေထိုင်ခွင့်ဗီဇာ ပေးရန် စီမံကိန်း> | |||
---|---|---|---|
등록일 | 2025-04-18 | 조회수 | 10 |
❐ လျှောက်ထားချိန်- (၂၀၂၅. ၄. ၁)ရက်မှ (၂၀၂၈. ၃. ၃၁)ရက်ထိ ❐ ကလေးများ အဓိက ① ▴ ကိုရီးယားတွင် မွေးဖွားသူ (သို့) ကိုရီးယားသို့ ဝင်ရောက်လာသော အသက်(၆)နှစ်အောက်ကလေး ▴ ကိုရီးယားတွင် (၆)နှစ်ကျော် နေထိုင်ထားသော ကလေး ▴ လျှောက်လွှာတင်သည့် နေ့မှစ၍ ကိုရီးယားနိုင်ငံအတွင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် လက်ရှိ တက်ရောက်နေသော ကလေးနှင့် ကျောင်းတက်ပြီးသွားသော ကလေးများ ② ▴ အသက် (၆)နှစ်ကျော်မှ ကိုရီးယားနိုင်ငံတွင်းသို့ ဝင်ရောက်လာသော ကလေး ▴ ကိုရီးယားနိုင်ငံတွင် (၇)နှစ်ကျော် နေထိုင်ထားသော ကလေး ▴ လျှောက်လွှာတင်သည့် နေ့မှစ၍ ကိုရီးယားနိုင်ငံအတွင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် လက်ရှိ တက်ရောက်နေသော ကလေးနှင့် ကျောင်းတက်ပြီးသွားသော ကလေးများ ❐ အကြောင်းအရာ ① လျှောက်လွှာတင်သည့် နေ့မှစ၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း တက်နေဆဲဖြစ်ပါက - အထက်တန်း အောင်မြင်ပြီးသည်အထိ နေထိုင်ခွင့်ဗီဇာ (D-4) ရရှိမည် ② လျှောက်လွှာတင်သည့် နေ့မှစ၍ အထက်တန်းကျောင်း အောင်မြင်ပြီးပါက
- နိုင်ငံခြားတွင် ပညာသင်ကြားရန် (သို့) အလုပ်အကိုင်အတွက် လိုအပ်ချက်များနှင့် ကိုက်ညီပါက သက်ဆိုင်သည့် ဗီဇာအမျိုးအစားသို့ ပြောင်းလဲခွင့် ရှိသည် - နိုင်ငံခြားတွင် ပညာသင်ကြားရန် (သို့) အလုပ်အကိုင်အတွက် လိုအပ်ချက်များနှင့် မကိုက်ညီပါက ယာယီနေထိုင်ခွင့်ဗီဇာ (G-1) ရရှိမည် ③ ကျောင်းထုတ်ခံရခြင်း (သို့) ရာဇ၀တ် ပြစ်မှုများ ကျူးလွန်ပါက - နေထိုင်ခွင့်ဗီဇာ ဖျက်သိမ်းခြင်း (သို့) နေထိုင်ခွင့်သက်တမ်း တိုးခွင့် မပြုပါ
|